top of page

Manufacturing Complexity

ကုန်ပစ္စည်းများထုတ်လုပ်ရာတွင်ဖြစ်ပေါ်သည့် ရှုပ်ထွေးမှု (Manufacturing Complexity) ဆိုသည်မှာ ထုတ်လုပ်ရေးလုပ်ငန်းစဉ် (Manufacturing Process) များအား ရှုပ်ထွေးစေ၍၊ ထုတ်လုပ်ရေးလုပ်ငန်းစဉ်များ အား လုပ်ကိုင်ဆောင်ရွက်ရာတွင် ခက်ခဲမှုများ ကြုံတွေ့စေနိုင်ကာ ထုတ်လုပ်မှုကုန်ကျစရိတ် များပြားစေသည့် အကြောင်းရင်းများကို ရည်ညွှန်းပါသည်။ ဤအချက်များသည် ထုတ်လုပ်မှုဒီဇိုင်း (Production Design)၊ ထုတ်လုပ်မှုနှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များ (Prod-uction Process) နှင့် ထောက်ပံ့ပို့ဆောင်ရေးကွင်း ဆက်များ (Logistics and Supply Chain Networks) အစရှိသည့် လုပ်ငန်းစဉ်များ အပါအဝင် တခြားသော အရင်းအမြစ်ပေါင်း များစွာမှာ ဖြစ်ထွန်းနိုင်ပါသည်။ ကုန်ပစ္စည်းထုတ်လုပ်မှု နှင့် ပတ်သက်သည့် ရှုပ်ထွေးမှုများကြောင့် ကုန်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းများတွင် စွမ်းဆောင်ရည်များ ကျဆင်းလာခြင်း၊ အမှားအယွင်း (Error) များ တိုးပွါးလာခြင်း၊ ကုန်ကြမ်းများအား ကုန်ချောထုတ်ရန်နေရာသို့ ပေးပို့ရန်ကြာမြင့်ချိန် (Lead Time) များ ပိုမိုကြာမြင့်လာမှု နှင့် ထုတ်လုပ်မှုကုန်ကျ စရိတ်များ မြင့်မားလာခြင်း အစရှိသည့် ကိစ္စရပ်များ အပေါ်သို့ အကျိုးသက်ရောက်မှု ရှိလာပါသည်။ ထိုအကြောင်းတရားများသည် စျေးကွက်တွင် ကုမ္ပဏီ တစ်ခု၏ ယှဉ်ပြိုင်နိုင်စွမ်းအား နှင့် အမြတ်အစွန်းကို ထိ ခိုက်စေနိုင်ပါသည်။


ထုတ်လုပ်ရေးရှုပ်ထွေးမှုများကို ဖြစ်ပေါ်စေနိုင်သည့် အရင်းအမြစ်များ


၁) ထုတ်ကုန်အမျိုးအစားများပြားမှု နှင့် ပြင်ဆင်မှုများ


ထုတ်ကုန်အမျိုးမျိုး အစရှိသဖြင့် ထုတ်ကုန်အမျိုးအစားများစွာ ထုတ်လုပ်ရေးခြင်း နှင့် ဝယ်ယူစားသုံးသူ တို့၏ စိတ်ကြိုက်ထုတ်ကုန်များအား ပြုပြင်ထုတ်လုပ်ခြင်း (Customization) ပြုလုပ်ခြင်းသည် ထုတ်လုပ်ရေးရှုပ်ထွေးမှုကို ဖြစ်ပေါ်စေသည့် အဓိကအကြောင်းအရင်းများထဲမှ တစ်ခုပင်ဖြစ်သည်။ ခေတ်ပေါ်ထုတ်ကုန်များတွင်အစိတ်အပိုင်းအတော်များများ ပါဝင် လေ့ရှိပါသည်။ ကုန်ကြမ်းပစ္စည်းများ၊ နည်းပညာများသည် ထိုပါဝင်သော အစိတ်အပိုင်းများ၏ တစိတ် တဒေသ ပင်ဖြစ်သည်။ ထုတ်ကုန်ဒီဇိုင်း၊ ထုတ်လုပ်မှု လုပ်ငန်းစဉ်များ နှင့် ထုတ်လုပ်ရေးလိုင်းကြောင်းများ တွင် ထုတ်လုပ်ရေးရှုပ်ထွေးမှုများ ဖြစ်ပေါ်စေပါသည်။


၂) လုပ်ငန်းစဉ်နှင့် ပတ်သက်သည့် ရှုပ်ထွေးမှုများ


ထုတ်လုပ်ရေးလုပ်ငန်းစဉ်များသည် များသောအားဖြင့် ရိုးရှင်းသည့် လုပ်ငန်းစဉ်များ၊ အလုပ်စီးဆင်းမှု (Workflows) များပေါ်တွင် အခြေတည်၍ ရှုပ်ထွေးသော လုပ်ငန်းစဉ်များ အဖြစ်သို့ရောက်ရှိလာကြခြင်းပင် ဖြစ်သည်။ အော်တိုမေးရှင်းများ၊ စက်ရုပ်နည်းပညာများ၊ အဆင့်မြင့်ထုတ်လုပ်ရေးနည်းပညာများသည် လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ရှုပ်ထွေးမှုများကို ဖြစ်ပေါ်စေနိုင်သည့် အကြောင်းတရားများပင်ဖြစ်သည်။


၃) ထောက်ပို့ကွန်ယက်မှ ဖြစ်ပေါ်သော ရှုပ်ထွေးမှုများ


တိုးတက်လာသည့် နည်းပညာများနှင့်အတူ ဂလိုဘယ်လိုက်ဇေးရှင်းသည် ထွန်းကားလာသကဲ့သို့ ထောက်ပံ့ပို့ဆောင်ရေးကွန်ယက် (Supply Chain Network) များသည်လည်း တိုးတက်လာခဲ့သည်။ ထိုကဲ့သို့ တိုးတက်ဖွံဖြိုးလာသည့် ထောက်ပံ့ပို့ဆောင်ရေးကွန်ယက်များကို စီမံခန့်ခွဲရန်အတွက် အသေးစိတ် အစီအစဉ်ချမှတ်မှု များလိုအပ်လာပါသည်။ ဤသည်ပင် ထုတ်လုပ်မှုနှင့် ပတ်သက်သည့် ရှုပ်ထွေးမှုများ ဖြစ်ပေါ်စေခြင်း၏ တရားခံများထဲမှ တစ်ခုပင်ဖြစ်ပါသည်။


၄) ကိုက်ညီမှုများကြောင့် ဖြစ်ပေါ်သော ရှုပ်ထွေးမှု


လုပ်ငန်းများနှင့် ပတ်သက်သည့် စံချိန်စံညွှန်းများ (Industrial Standards) ၊ စည်းမျဉ်းစည်းကမ်း ဥပဒေသများ နှင့် ၄င်းတို့၏ လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိစေရန် ကြိုးပမ်းမှုများသည် ထုတ်လုပ်ရေးလုပိငန်းစဉ်များအတွင်းရှုပ်ထွေးမှုများကို ဖြစ်ပေါ်စေသည့် အကြောင်းတရားများပင် ဖြစ်ပါသည်။ ဥပမာအားဖြင့် ISO 9001, ISO 14001 အစရှိသည့် စံချိန်စံညွှန်းများ အစရှိသည်တို့ ဖြစ်သည်။

Comments

Rated 0 out of 5 stars.
No ratings yet

Add a rating
bottom of page