top of page

Quality Control ၏ သမိုင်းအကျဥ်း

ထုတ်ကုန်အခြေပြု အရည်အသွေးထိန်းကျောင်းမှု (Quality Control) ဟူသည့် အရာသည် ယနေ့ခေတ်တွင် ထုတ်လုပ်ရေး လုပ်ငန်းအများစု၏ အဓိကသော့ချက်ဖြစ်လာခဲ့သည်။ Quality Control နယ်ပယ်သည် လွန်ခဲ့သော ဆယ်စုနှစ် အနည်းငယ်အတွင်းတွင် တဟုန်ထိုး တိုးတက်ပြန့်ပွား လာခဲ့သည်။ အရည်အသွေး ထိ‌န်း‌ကျောင်းမှုသည် တိုးတက်လာသည် နှင့်အမျှ အရည်အသွေးအားအလေးထားသည့် ထုတ်လုပ်ရေး လုပ်ငန်းရှင်များ နှင့် အရည်အသွေးအကြောင်းကို တီးမိခေါက်မိရှိ၍ နားလည်တတ်ကျွမ်းသည့် ထုတ်လုပ်ရေးလုပ်ငန်းရှင်များသည် ထုတ်ကုန်အရည်အသွေးများနှင့် ပတ်သက်၍သော်၎င်း၊ ထုတ်ကုန်ပစ္စည်းများနှင့် ပတ်သက်၍ ဘေးအန္တရာယ် ကင်းရှင်းစေနိုင်ရန်သော်၎င်း အမြဲတိုင်း‌ ခေတ်၊ စနစ် နှင့် လျော်ညီစွာ ပြောင်းလဲနေတတ်သည့် စံချိန်စံညွှန်း (Standards) များ၊ စည်းမျဥ်းစည်းကမ်း (Regulations) များနှင့် ကိုက်ညီစေမည့် (Conformance) ဖြစ်စေမည့် အလုပ်လုပ်ကိုင်မှု ပုံစံများအား ပြောင်းလဲလုပ်ကိုင်ဆောင်ရွက် လာကြသည် ကို ကျွန်ုပ်တို့ ပတ်ဝန်းကျင်တွင် တွေ့မြင်ရမည် ဖြစ်သည်။ Quality Control သည် အချိန်နှင့်အမျှ မည်ကဲ့သို့တိုးတက်ပြောင်းလဲလာသည်ကို ကျွန်ုပ်တို့ အနေဖြင့် သိရှိနားလည်း သဘောပေါက်ရန်လိုအပ်လာပါသည်။


Quality Control ၏ သန္ဓေတည်ရာ


ယနေ့ခေတ်တွင် ကျွန်ုပ်တို့သိရှိနားလည်သဘောပေါက်သည့် အတိုင်း Quality Control သည် စက်မှု‌တော် လှန်ရေးကာလမှ စတင်ပေါ်ပေါက်ခဲ့ပါသည်။ အမြင့်ဆုံး အမြတ်အစွန်းများရရှိရေး၊ ဝယ်ယူစားသုံးသူဖောက် သည်များအား ပိုမိုစွဲဆောင်နိုင်ရေး၊ ပြိုင်ဘက်များထက် သာလွန်ကောင်းမွန်သည့် ထုတ်ကုန်များ ထုတ်လုပ် နိုင်ရေး အစရှိသည့် အချက်အလက်များကြောင့် Quality Control ဟူသည့် လုပ်ဆောင်ချက်နယ်ပယ်သည် အစွမ်းကုန် တိုးတက်ဖွံဖြိုးကြီးထွားလာခဲ့သည်။ သို့သော်လည်း ထိုအချိန်ထက်စောသည့် ကာလအပိုင်းအခြားများကို ကြည့်ရှုမည်ဆိုပါက Quality Control ၏ သ‌န္ဓေသည် အလယ်ခေတ် (Middle Ages) များတွင် စတင်မြစ်ဖျားခံခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။ ပထမမြောက်စက်မှုတော်လှန်ရေး (First Industrial Revolution) မတိုင်မီ အလယ်ခေတ်တွင် အလုပ်သင်ဝန်ထမ်းများကို အချိန်အတိုင်းအတာ တစ်ခုအထိ ၎င်းတို့အား လက်မှုပညာများအား သင်ကြားလေ့ကျင့်ပေးခဲ့သည့် Guild ခေါ် လက်မှုပညာသည်အစည်းအရုံးများ ရှိခဲ့ကြသည်။ ဤ အဖွဲ့အစည်းများသည် လက်မှုပညာသည် သင်တန်းသားများအား ၎င်းတို့၏ အရည်အချင်း ပြည့်မှီစေရန်နှင့် ၎င်းတို့၏ အလုပ်ရှင်များမှ သတ်မှတ်ထားသည့် အရည်အသွေးနှင့် ပတ်သက်သည့် စံချိန်စံညွှန်းများအတိုင်း လိုက်နာ၍ လေ့ကျင့်သင်ကြားမှုများ ပြုလုပ်ခဲ့ကြသည်။ သင်တန်းသားများ အနေဖြင့် ထိုသူတို့ သင်ယူလေ့လာလိုက်စားသည့် လက်မှုပညာရပ်များတွင် ကျွမ်းကျင်ပိုင်နိုင်သူများ ဖြစ်စေရန်အတွက် ၎င်းတို့သည် အရည်အသွေးပြည့်မှီသည့် ထုတ်ကုန်များထုတ်လုပ်၍၊ ၎င်းတို့၏ အရည်အချင်းအား သက်သေ ပြရန်လိုအပ်ပါသည်။ အလုပ်သင်များအနေဖြင့် ဤသို့သောလုပ်ငန်းစဥ်များကို ဖြတ်သန်း ရသည့်အတွက် နောက်ပိုင်းတွင် ထုတ်ကုန်များ၏ အရည်အသွေးကို ‌ရေရှည်ထိန်းသိမ်းထားနိုင်ရန် နှင့် တသတ် မတ်တည်း ဖြစ်နေသည့် ထုတ်ကုန်များကိုထုတ်လုပ်နိုင်စေရန်အတွက် များစွာ အကူအညီ ဖြစ်စေပါသည်။


ရာစုနှစ် တစ်ခုအတွင်း ဆင့်ကဲတိုးတက်ပြောင်းလဲလာမှု

၂၀ ရာစု အစောပိုင်းမတိုင်မီက အမြောက်အများ ထုတ်လုပ်မှုများတွင် အဓိက အာရုံထားသည့် အချက်သည် ထုတ်ကုန်ပစ္စည်းများ၏ အရည်အသွေးထက် ကုန်ပစ္စည်းထုတ်လုပ်သည့် အရေအတွက်ကိုသာ အာရုံစိုက်ခဲ့ ကြခြင်း ဖြစ်သည်။ ကုန်ကြမ်းပစ္စည်းများအား စက်ကိရိယာတို့ နှင့် လူသားတို့၏ လုပ်အားများအား အသုံးပြု ကာ ကုန်ချောထုတ်လုပ်ခြင်းကို ဦးတည်စေခဲ့ပါသည်။ ကုန်ချောဟူသည့် ထုတ်ကုန်များသည် လုပ်ငန်းစဥ်များမှ ထွက်ပေါ်လာလျှင်ပင် ထုတ်လုပ်ရေးလုပ်ငန်းစဥ်သည် ပြီးဆုံးသွားပြီဖြစ်ပါသည်။ ထိုအချိန်က ထုတ်လုပ် ရေး လုပ်ငန်းများတွင် အရည်အသွေးထိန်းချုပ်မှု အရည်အသွေးထိန်း‌ကျောင်းမှု အစရှိသည့် လုပ်ငန်းစဥ် များအား လူအင်အား နည်းနည်းပါးပါးဖြင့်သာ ပြုလုပ်ခဲ့ကြ၍ ထုတ်လုပ်မှု စွမ်းအားများကို မြှင့်တင်နိုင်စေရန် အတွက် စက်ယန္တယားများ နှင့် နည်းပညာများကို အသုံးပြုခဲ့ကြပါသည်။ ၁၉၂၀ ခုနှစ်များတွင်တော့ ကုန်ပစ္စည်းများ၏ ဝယ်လိုအားသည်မြင့်တက်လာမှုများကြောင့် အရေအတွက်တိုးတက်ထုတ်လုပ်ခြင်း သာမက အရည်အသွေးကောင်းမွန်မှုတို့ ဘက်တွင်ပါ ကုန်ထုတ်လုပ်ရေးလုပ်ငန်းရှင်များ အနေဖြင့် အာရုံစိုက် လာခဲ့ကြသည်။ ထုတ်ကုန်များတွင်သာမက လုပ်ငန်းစဥ်အားလုံးနီးပါးတွင် အရည်အသွေးဟူသည့် အရာ အား ထည့်သွင်းစဥ်းစားလာကြသည်။ ကုန်ပစ္စည်းထုတ်လုပ်သူများ အနေဖြင့် စျေးသက်သာ၍ ထိရောက် သည့် ထုတ်လုပ်မှု ပုံစံများကိုစဥ်းစားလာကြသည်။ စက်ယန္တယားများ၊ လူသားတို့၏ တစ်နာရီလျှင် ထုတ်လုပ်မှုနှုန်း ကိုပါထည့်သွင် စဥ်းစားလာကြပါသည်။ ရာစုနှစ်တစ်ခုအတွင်းတွင် ကြိုးပမ်းလုပ်ဆောင် အားထုတ်မှုများကို အင်တိုက်အားတိုက် ပြုလုပ်ကြသည့်အတွက် ထုတ်ကုန်များများ၏ အရည်အသွေး ထိန်းချုပ်မှု၊ လုပ်ငန်းစဥ်များ၏ အရည်အသွေးထိန်းချုပ်မှု၊ လုပ်ငန်းစဥ်မျာား၏ ကြာမြင့်ချိန်များသည် သိသိသာသာ တိုးတက်လာခဲ့သည်။ အရည်အ‌သွေးထိန်းချုပ်မှုနှင့် ပတ်သက်၍ ကောင်းမွန်သည့် လုပ်ငန်းစဥ်များ၊ အလေ့အထများ၊ အစီအမံများကို အသုံးချခြင်းသည် အမြတ်အစွန်အများဆုံး ရရှိသည့် နည်းလမ်းများထဲမှ တစ်ခု ဖြစ်ကြောင်းကို ကုန်ပစ္စည်းထုတ်လုပ်ရောင်းချသည့် လုပ်ငန်းရှင်များသည် သိရှိနားလည် သဘော ပေါက် လာခဲ့ကြသည်။


ခေတ်ပေါ် အရည်အသွေးထိန်းချုပ်မှု


ယနေ့ခေတ်တွင်မူ အရည်အသွေးထိန်းချုပ်မှုသည် ကုန်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်း အားလုံး၏ အဓိက အခရာကျသည့် အခန်းကဏ္ဍတစ်ခု ဖြစ်လာသည်။ စားသုံးသူများထံသို့ အရည်အသွေးကောင်းမွန်သည့် ထုတ်ကုန်ပစ္စည်းများ၊ ဝန်‌ဆောင်မှုများ ရောက်ရှိနိုင်ရေးအတွက် အစိုးရအဖွဲ့များသည် ပြဌာန်း ဥပ‌ဒေများ ထုတ်ပြန်၍၎င်း၊ သက်ဆိုင်ရာမှ အရည်အသွေးနှင့် ပတ်သက်၍ အထူးအာဏာလွှဲအပ်ခြင်းခံထားရသည့် အဖွဲ့အစည်းများ (Regulatory Bodies) များသည်၎င်း အရည်အသွေးနှင့် ပတ်သက်သည့် စံချိန်စံညွှန်းများ ထုတ်ပြန်၍ အရည်အသွေးထိန်းချုပ်မှုများ ကိုပြလုပ်နေကြပြီဖြစ်ပါသည်။

Comments

Rated 0 out of 5 stars.
No ratings yet

Add a rating
bottom of page